ပုပ်သိုးသွားခဲ့သော အလွမ်းလေး

နင်နဲ့ ငါဟာ တားမြစ်ချက်များစွာနဲ့ ဆုံခွင့်ရထားသူတွေပါ။
တစ်ချိန်တုန်းက နင်ငါ့ကို အရမ်းချစ်ခဲ့ပြီး၊ ငါလဲ နင့်ကို သိပ်ချစ်ခဲ့တာတွေဟာ
ခုတော့ ပုံပြင်လေး တစ်ပုဒ်လိုပါပဲလား။
ဒါပေမဲ့ အဲဒီပုံပြင်လေးကို ငါခုချိန်ထိ ဘယ်နေရာ၊ ဘယ်အချိန်မှာပဲဖြစ်ဖြစ် ပြောပြနေမိတယ်။
ခုထက်ထိ သိပ်ကိုလေးနက်နေသေးတယ်ဟာ။
တကယ်တော့ ငါတို့ နှစ်ယောက်ဟာ ကမောက်ကမ လောကကြီးရဲ့ ချောက်ချတာကို ခံနေရတယ်။
နင့်ကို ငါချစ်သလို၊ ငါ့ကိုနင်သိပ်ချစ်ခဲ့တဲ့ ငါတို့ နှစ်ယောက်ရဲ့အချစ်တွေဟာ
လူတွေအမြင်မှာ နားလည်ရခက်သလောက် ငါတို့ နှစ်ယောက်အတွက်
ရှင်းလင်းပြတ်သားတဲ့ ပုစ္ဆာတပုဒ် အဖြေကို ညှိယူသလိုလေးပါပဲနော်။
ဒါပေမယ့် ငါ့ကို တစ်ယောက်တည်းထားခဲ့ပြီး နင်ဟိုးးးးးးးးးးးးးးးးအဝေးကြီးကို ထွက်သွားလိုက်တာ.....
ငါလုံးဝ မသိတဲ့ အဝေးတစ်နေရာမှ တကယ့်ကို အဝေးကြီးနော်။
ဘယ်ဆီမှာမှန်းကို မသိတဲ့ အဝေးကြီးကို နင်ပျောက်ကွယ်သွားခဲ့တယ်။
ကဲ...ပြောပါဦး
နင် နှုတ်ဆက်မသွားခဲ့သလို ပြန်လာမဲ့နေ့ ကိုလဲ မပြောခဲ့တဲ့
နင့်ရဲ့ ဂတိတွေ၊ သစ္စာတွေအတွက် ငါ နင့်ကို စောင့်နေရဦးမှာလား။။။။
နင့်အတွက် ဆိုပြီး ငါ့အလွမ်းတွေ တနင့်တပိုး ထုပ်ပိုးထားခဲ့တာ ပုပ်သိုးသွားခဲ့ပြီ။
ငါ နင့်ကိုမချစ်ခဲ့ဘူး။ ငါနင့်ကို မလွမ်းခဲ့ဘူး။ ငါနင့်ကို မတမ်းတခဲ့မိပါဘူးဟာ။။
နင်ယုံတယ်မို့ လား ဟင်။။

ချစ်ခြင်းများစွာဖြင့်
Angel Shaper
18.8.09 ( Tue; )
4: 25 Am

15 Comments:

PhotoVigor said...

Enjoy reading your post. :)

Kyaw Nyo Thway said...

အလွမ်းတွေပုပ်သိုးသွားတော့ကောင်းတာပေါ့ဗျာ
ဆက်လွမ်းစရာမလိုတော့ဘူးပေါ့။ ပျော်ရွှင်ပါစေ...။

အဖြူရောင်နတ်သမီး said...

Angel ရေ....
လာလည်သွားတယ်နော်..
စာလေးတွေလာလာဖတ်တယ်ဆိုလို့..ကျေးဇူးအထူးတင်တယ်နော်..
နောက်လည်းလာလည်နော်..
“မ”လည်း လာလည်မယ်..
တာ့တာ...

ahphyulay said...

ဘယ်တော့ မှ မဆုံစည်းနိုင်တော့ တဲ့ ရထားသံလမ်းနှစ်ကြောင်းလို ဖြစ်ပေါ်ပေါက်ဖွား
ခဲ့ ရတဲ့ ၊ တမြေ့ မြေ့ တွယ်တာနေခဲ့ မိတဲ့ အချစ်တစ်မျိုးလို့ မြင်ပါတယ်လေ။
အဲလိုအချစ်မျိုးကနူတ်မဆက်တော့ ပဲ ခွဲခွာသွားကြတာအကောင်းဆုံးပါ။
နှောင်းခဲ့ ပေမဲ့ အမြဲတန်းတမြေ့ မြေ့ ဖြစ်နေရတော့ မှာ။ကိုယ့် ကိုယ် သတိမရပါဘူးလို့ 
ညာနိုင်အောင်အတင်းကြိုးစားနေပေမဲ့  အရိပ်တစ်ခုလို အမြဲဖြစ်နေတော့ မှာပါ။ထွက်သက်
အထိတောင်ရှည်လျားသွားနိုင်ပါတယ်နော်...။

ahphyulay said...

face book ထဲ မှာ တွေ့ လို့  ကိုယ်တွေ့ လေးတစ်ခုနဲ့ လဲ တိုက်ဆိုင်နေလို့ 
ရေးဖြစ်ခဲ့ တာပါ။ စိတ်မရှိပါနဲ့ နော်။

နွေဆူးလင်္ကာ said...

အော် လွမ်းစရာတွေ လွမ်းစရာတွေ

Anonymous said...

ပုပ်သိုးသွားပြီဆိုတော့ လွင့်ပစ်လိုက်တော့.... ဝမ်းဗိုက်ဒုက္ခရောက်လိမ့်မယ် အဟိ

Romanticghetto™ said...

just visit

သူကြီးမင်း (တုံးဖလား) said...

အလွမ်းတွေလဲ ပုပ်သိုးတတ်သကိုး... မဖြစ်ချေဖူး... ရေခဲရိုက်ထားမှ..းဝ..

ဝက်ကလေးဆီက လိုက်လာတာ။ တစ်ပုဒ်ထဲဘဲလား။

Anonymous said...

ဟလို

လာလည်တာညီမရေ.. ကမောက်ကမတွေ မဖြစ်အောင် ကျိုးစားနေတယ်..။

မဗေဒါ

ဂျေဂျူဝိုင် said...

လွမ်းနေလို့ လွမ်းစာတွေ ဖတ်ရင်း ပိုပိုလွမ်းနေမိတာ ခက်တယ်

Anonymous said...

လွမ်းနေမိခြင်းကိုက...အချစ်ရဲ့ ရသ တစ်မျိုးဆိုရင်
ချစ်တက်သူများလက်ခံမလားမသိဘူးနော်။
အလွမ်းဆိုတာကကော ပုပ်သွားရိုးထုံးစံ ရှိရဲ့လား Angel လေးရယ်။ :)
ထုပ်သိမ်းထားဆဲပဲ မှတ်လား။။။ဘာပဲဖြစ်ဖြစ်...ဝင်ရောက်ခံစား
ကြည့်သွားတယ်နော်။ အနဲဆုံးတော့ တစ်ယောက်နဲ့ 
တစ်ယောက် သိပ်ချစ်ခဲ့ကြသေးတယ်မှတ်လား။ :)
ပျော်ရွှင်ပါစေ။။။ ခင်မင်လျှက်...ခင်မာလာအောင် ...:)

အုပ်ကြီး said...

သြော် ..အလွမ်းဆိုတာလဲ ..ပုတ်သိုးတတ်တဲ့အရာပါလားဗျာ

ဖြိုးမောင်မောင်(CTM) said...

blogကဘာတွေပြသနာဖြစ်နေလဲမသိဘူးဗျ.........
ဘာမှကိုမမြင်ရဘူး။ဒီပို့ စ်လေးတခုပဲမြင်ရတယ်။
လာလည်သွားတယ်နတ်သမီး။

စံပယ်ချို said...

အလွမ်းတွေပုပ်သိုးသွားပြီလားကွယ်

Post a Comment