နင်နဲ့ ငါဟာ တားမြစ်ချက်များစွာနဲ့ ဆုံခွင့်ရထားသူတွေပါ။
တစ်ချိန်တုန်းက နင်ငါ့ကို အရမ်းချစ်ခဲ့ပြီး၊ ငါလဲ နင့်ကို သိပ်ချစ်ခဲ့တာတွေဟာ
ခုတော့ ပုံပြင်လေး တစ်ပုဒ်လိုပါပဲလား။
ဒါပေမဲ့ အဲဒီပုံပြင်လေးကို ငါခုချိန်ထိ ဘယ်နေရာ၊ ဘယ်အချိန်မှာပဲဖြစ်ဖြစ် ပြောပြနေမိတယ်။
ခုထက်ထိ သိပ်ကိုလေးနက်နေသေးတယ်ဟာ။
တကယ်တော့ ငါတို့ နှစ်ယောက်ဟာ ကမောက်ကမ လောကကြီးရဲ့ ချောက်ချတာကို ခံနေရတယ်။
နင့်ကို ငါချစ်သလို၊ ငါ့ကိုနင်သိပ်ချစ်ခဲ့တဲ့ ငါတို့ နှစ်ယောက်ရဲ့အချစ်တွေဟာ
လူတွေအမြင်မှာ နားလည်ရခက်သလောက် ငါတို့ နှစ်ယောက်အတွက်
ရှင်းလင်းပြတ်သားတဲ့ ပုစ္ဆာတပုဒ် အဖြေကို ညှိယူသလိုလေးပါပဲနော်။
ဒါပေမယ့် ငါ့ကို တစ်ယောက်တည်းထားခဲ့ပြီး နင်ဟိုးးးးးးးးးးးးးးးးအဝေးကြီးကို ထွက်သွားလိုက်တာ.....
ငါလုံးဝ မသိတဲ့ အဝေးတစ်နေရာမှ တကယ့်ကို အဝေးကြီးနော်။
ဘယ်ဆီမှာမှန်းကို မသိတဲ့ အဝေးကြီးကို နင်ပျောက်ကွယ်သွားခဲ့တယ်။
ကဲ...ပြောပါဦး
နင် နှုတ်ဆက်မသွားခဲ့သလို ပြန်လာမဲ့နေ့ ကိုလဲ မပြောခဲ့တဲ့
နင့်ရဲ့ ဂတိတွေ၊ သစ္စာတွေအတွက် ငါ နင့်ကို စောင့်နေရဦးမှာလား။။။။
နင့်အတွက် ဆိုပြီး ငါ့အလွမ်းတွေ တနင့်တပိုး ထုပ်ပိုးထားခဲ့တာ ပုပ်သိုးသွားခဲ့ပြီ။
ငါ နင့်ကိုမချစ်ခဲ့ဘူး။ ငါနင့်ကို မလွမ်းခဲ့ဘူး။ ငါနင့်ကို မတမ်းတခဲ့မိပါဘူးဟာ။။
နင်ယုံတယ်မို့ လား ဟင်။။
ချစ်ခြင်းများစွာဖြင့်
Angel Shaper
18.8.09 ( Tue; )
4: 25 Am
Friday,21August
Friday,
21
August
ပုပ်သိုးသွားခဲ့သော အလွမ်းလေး
Posted by Angel Shaper at 03:08 15 comments
Subscribe to:
Posts (Atom)